လှူကြပါ။

16 Jun
ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP)မှ ထုတ်ပြန်ချက်အရ စစ်တွေမြို့ပေါ်တွင် ရခိုင်တိုင်းရင်းသား ဒုက္ခသည် ၁၄၉၅၀ ဦး ဒုက္ခသည်စခန်း (၆၇)ခု ရှိကြောင်း သိရှိရပါသည်။

စစ်တွေမြို့ရှိ ကယ်ဆယ်ရေးစခန်းအချို့တွင် ၀မ်းပျက်၊ ၀မ်းလျော ဖြစ်ပွားမှုအချို့ရှိနေကြောင်း သိရပြီး၊ ရွှေစေတီဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်းတွင် ၁၈ ဦးနှင့် ဦးရဲကျော်သူကျောင်း ကယ်ဆယ်ရေးစခန်းတွင် ၉ ဦး ရှိကြောင်း စစ်တွေမြို့ရှိ Eleven Media Group သတင်းထောက်မှ ယနေ့(ဇွန်လ ၁၆ ရက်)မွန်းလွဲ ၁ နာရီ ၅၀ မိနစ်တွင် သတင်းပေးပို့ပါသည်။

မောင်တောမြို့နယ်ရှိ ကယ်ဆယ်ရေးစခန်းများသို့ မောင်တောခရိုင် အမျိုးသား ကူညီစောင့်ရှောက်ရေး ဖောင်ဒေးရှင်းမှ ဆန်အိတ် ၁၈၇ အိတ်၊ ပဲ ၉ အိတ်၊ ဆီ ၆၀ ပိဿာ၊ ငရုတ် ၂၀ ပိဿာ၊ ငပိ ၁၅ ပိဿာ၊ ကြာဆံ ၅ ပိဿာ၊ အ၀တ်အထည် အထုတ် ၄၀၊ ပစ္စည်းတန်ဖိုး စုစုပေါင်း သိန်း (၇၀)ခန့် လှုဒါန်းခဲ့ကြောင်း မောင်တောမြို့ရှိ Eleven Media Group သတင်းထောက်မှ သတင်းပေးပို့ပါသည်။ လှုဒါန်းလိုသူများအနေဖြင့် မောင်တောခရိုင် အမျိုးသား ကူညီစောင့်ရှောက်ရေး ဖောင်ဒေးရှင်း ၊ ဖုန်းနံပါတ် ၀၉၄၉၃၂၅၆၅၈ , ၀၉၈၅၀၀၃၁၆, ၀၉၄၉၆၅၈၂၂၇ သို့ ဆက်သွယ်လှုဒါန်းနိုင်ကြောင်း သိရသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: