ရခိုင်ပြည်နယ် ဖြစ်စဉ်ကို စာတမ်းပြုစုတော့မည်

17 Jun
စောမြင့်သန်း (ပေါက်တော) စစ်တွေမှ တိုက်ရိုက်ပေးပို့သည်
—————————————————————————–
ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပေါ်နေသော ကိစ္စရပ်များနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က စာတမ်းတစ်စောင်ပြုစု ကောက်ယူ သွား မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စာတမ်းတွင် ရခိုင်ပြည်နယ် ဖြစ်စဉ်များနှင့် ပတ်သက်သော အကြောင်း အရာများ နှင့် ပြဿနာများ၏ ကွင်းဆက်များကိုပါ ယခုစာ တမ်း တွင် ထည့် သွင်းဖော်ပြပေးသွားမည် ဖြစ်သည်။

“ဒီလိုမျိုး မှတ်တမ်းလေးတွေ ကျွန်တော်တို့ အစိုးရ အဖွဲ့အနေနဲ့ ရှေ့မှာလည်း လုပ်ဆောင်ခဲ့တဲ့ ဖြစ်စဉ်မှတ်တမ်းတွေ နှစ်ခု သုံးခုရှိပါတယ်၊ ဥပမာအားဖြင့် လွန်ခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်က ဘူးသီးတောင်-မောင်တော မှာ မိုးအရမ်းရွာတဲ့အခါမှာ ကားလမ်းတွေ ပျက်စီးသွားတဲ့ အတွက် နိုင်ငံတော် အကြီးအကဲတွေ က ကိုယ်တိုင်လာရောက်ခဲ့တာတွေရှိပါတယ်၊ သူတို့လာတဲ့အခါမှ ဘာကြောင့် ဒီလိုမျိုးဖြစ်ရသလဲ ဆိုတာကိုပါ စစ်တမ်းတစ်ခုအနေနဲ့ တင်ပြပေးခဲ့တာ ရှိပါတယ်။ ၂၀၁၀ အောက်တိုဘာ ၂၂ ရက်ကလည်း ရခိုင်ပြည်နယ် မှာ ဖြစ်ပေါ်ခဲ့တဲ့ ဂီရိမုန်တိုင်းနဲ့ ပတ်သက်ပြီးတော့လည်း အခုလိုပဲ မှတ်တမ်း တင်ခဲ့ရပါတယ် ၊ ၂၀၁၂ ဇွန်မှာ အခုဖြစ်တဲ့ ဖြစ်စဉ်တွေ ကိုလည်း မှတ်တမ်းတစ်ခုလုပ်ပြီးတော့ အသေးစိတ် ပြုစုဖို့စီစဉ်နေပါတယ် ဒီမှတ်တမ်းဟာ နိုင်ငံတော်မှာ ကျန်ရှိနေသေး တဲ့ မှတ်တမ်းတစ်စောင်ဆိုလည်း ဟုတ်ပါတယ် ဒီအထဲမှာ စဖြစ်တဲ့ အချိန်ကစပြီး လက်ရှိတည်ငြိမ်မှုရတဲ့ အချိန်အထိ အခြေအနေတွေ ကို သုံးသပ်ပြီးတော့ ရေးသွားမှာ ဖြစ်ပါတယ် ” ဟု ရခိုင်ပြည် နယ် အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။

မူရင်း။ https://www.facebook.com/permalink.php?story_fbid=444586205560305&id=334119789940281

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: