မြန်မာ-ဘင်္ဂလာ နယ်စပ်ကုန်သွယ်ရေး ပြန်လည် စတင်

18 Jun

ရခိုင်ပြည်နယ် အတွင်း ဆူပူ အကြမ်းဖက်မူများကြောင့် ၉ ရက်ကြာ ပိတ်ထားခဲ့ရသော မြန်မာ- ဘင်္ဂလာ နယ်စပ်ကုန်သွယ်ရေးကို ယမန်နေ့က စတင် ဖွင့်လှစ် လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ရေခဲရိုက်ထားသော ငါးတန်ချိန် ၉၀ ပါ မြန်မာနိုင်ငံမှ ကုန်တင် မော်တော်ဘုတ် တစ်စီး ယမန်နေ့ ညနေပိုင်းက နယ်စပ် ကုန်သွယ်ရေး ဆိပ်ကမ်းရှိရာ တက်ကနက် ဘောင်တော်သို့ ၀င်ရောက်လာခဲ့သည်။

“ မနေ့က ငါးတွေ တင်ဆောင်လာတဲ့ မြန်မာက သင်္ဘောတစ်စီး ညနေ ၅ နာရီခွဲမှာ  တက်ကနက် နယ်စပ်ကုန်သွယ်ရေး ဆိပ်ကမ်းကို  ၀င်ရောက်လာပါတယ်။ ဒါကြောင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်” ဟု ဆိပ်ကမ်း မန်နေဂျာ အဘဒူလ် မိုမာမိုင်က ပြောသည်။

ယနေ့ ဇွန်လ ၁၈ ရက်နေ့တွင်လည်း ငါးတန်ချိန် ၅၀၀ တင်ဆောင်လာသော မြန်မာ ကုန်တင် မော်တော်ဘုတ် (၂) စီး တက်ကနက် ဆိပ်ကမ်းသို့ ၀င်ရောက်လာမည်ဟု သူက ပြောသည်။

ဆူပူမူများကြောင့် ၁၂ ရက်ကြာ ရပ်နားထားခဲ့ရသော နယ်စပ် နွားဈေးကွက်မှာလည်း ယမန်နေ့က ပြန်လည် အသက်ဝင်လာပြီး မြန်မာမှ နွားများကို စတင် တင်ပို့နေကြပြီ ဖြစ်ကြောင်း သိရသည်။

“ မနေ့ညနေမှာ  မြန်မာက မော်တော်ဘုတ် တစ်စီး ဆိတ် ၉ ကောင်၊ နွား ၂ ကောင်၊ ကျွဲတစ်ကောင်နဲ့ အတူ ဆင်မဖြူ ဆိပ်ကမ်းကို တင်သွင်းလာခဲ့ပါတယ်။ ဒီကနေကမှာတော့ အခြေအနေ ဒီထက် ပိုကောင်းသွားမှာပါ” ဟု နယ်စပ် ဘီဂျီဘီ အရာရှိ တစ်ဦးက ပြောသည်။

ယခုကဲ့သို့ ကုန်သွယ်ရေး လမ်းကြောင်း  ပြန်လည် ပွင့်လာပြီ ဖြစ်သော်လည်း နယ်စပ် ဖြတ်ကျော် ခိုးဝင်သူများကို ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့် တပ်ဖွဲ့မှ ဆက်လက် ဖမ်းဆီးကာ မြန်မာဘက်သို့ ပြန်ပို့နေကြောင်း သိရသည်။

http://www.narinjara.com/burmese/?p=794

Advertisements

One Response to “မြန်မာ-ဘင်္ဂလာ နယ်စပ်ကုန်သွယ်ရေး ပြန်လည် စတင်”

  1. mgnaing June 18, 2012 at 11:06 am #

    Reblogged this on rakhainemray.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: