စစ်တွေတွင် လုံခြုံမှုရှိသော စာသင်ကျောင်း အချို့ပြန်လည်ဖွင့်လှစ်

6 Jul

မိုးဝေ ရခိုင်ပြည်နယ်-(မြစ်မခ)
by Myit Makha Mediagroup on 6 Jul, 2012

ရခိုင်ပြည်နယ်စစ်တွေမြို့တွင်လုံခြုံမှုရှိသောအစိုးရစာသင်ကျောင်းအချို့အား ပြန်လည်ဖွင့်လှစ်ပြီ ဖြစ်ကြောင်း ဒေသခံများထံက သိရှိရသည်။

 အထက(၁)နှင့်အထက(၄)အခြေခံပညာအထက်တန်းကျောင်းများအားပြီးခဲ့သည့်ရက်ပိုင်းအတွင်းက   ပြန်လည်ဖွင့် ထားခြင်းဖြစ်ရာ ကျောင်းသား ကျောင်းသူများအနေဖြင့်  အချိန်ပိုင်းသာ တက်ခွင့်ပြု ထား ကြောင်းကိုလည်း သိရှိရသည်။

“မနေ့ကတော့ အထက(၁) မှာ ကျောင်းတက်ရပါပြီ ဒါပေမယ့်  တစ်ချိန်ဘဲတက်ခွင့်ရပါသေးတယ်” ဟု ကျောင်းသူတစ်ဦးက   ပြောသည်။

သို့သော်အခြားစာသင်ကျောင်းများကိုမူပိတ်ထားဆဲဖြစ်ကြောင်းအလယ်တန်းပြကျောင်းဆရာတစ်ဦး ကရှင်းပြသည်။

“ အထက်ကတော့ ကျောင်းဖွင့်ခိုင်းထားပါတယ်၊ ဒါပေမယ့် ကလေးတွေတော့ မတက်ဖြစ် ကြ သေးဘူး၊ ဆရာ/ဆရာမတွေပဲ   ကျောင်းကိုလာပြီး လက်မှတ်ထိုးရပါ တယ်၊    ကျောင်း သား ကျောင်းသူတွေ ရဲ့မိဘတွေက  စိုးရိမ်မှုတွေ ရှိနေဆဲဆိုတော့ ကျောင်းမတက်ခိုင်းရဲကြဘူး၊ ပြီးတော့ ကျောင်းဆရာ/ဆရာမ တွေကလဲ  တာဝန်မယူရဲကြဘူး၊  လုံခြုံမှုရှိတဲ့ ကျောင်းတွေတော့ ဆက်တိုက်ဖွင့်သွားမှာပါ’’ ဟု အလယ်တန်းပြကျောင်းဆရာတစ်ဦးက ပြောပြသည်။

စစ်တွေမြို့ကျေးပင်ကြီးရပ်ကွက်မှ အလယ်တန်းပြကျောင်းဆရာမတစ်ဦးက  ယခင်လ(၂၅) ရက်နေ့ ကစ၍  ကျောင်းဖွင့်ထား သည့်တိုင်  ကျောင်းသူကျောင်း သားများမှာ ကျောင်းမ တက်ကြသေးသဖြင့် ၄င်းတို့၏ မိဘများကို အစည်းဝေးခေါ်ယူထားကြောင်း ပြောပြသည်။

“ဒီနေ့ကျမတို့ အလယ်တန်းကျောင်းမှာ ကျောင်းသားမိဘတွေကို အစည်းဝေးခေါ်ထား ပါတယ်၊  ခေါ်ရတဲ့ အကြောင်းရင်း ကတော့ ကျောင်းဖွင့်လှစ်နိုင်ရေးအတွက်ပါ ”ဟု ပြောသည်။

စစ်တွေသို့ နယ်မှ ရောက်ရှိလာကြသည့် ကျောင်းသားကျောင်းသူများမှာမူ ၄င်းတို့၏မိဘများက ပြန်လည် ခေါ်ယူထားသဖြင့် မြို့တွင်းရှိ စာသင်ဝိုင်းများကိုလည်း ရပ်နားထားရသည်။

“မနေ့က အထက(၁)မှာ အစည်းဝေးတစ်ခုလုပ်ပါတယ်၊ အဲဒီအစည်းဝေးမှာ ဘင်္ဂလီ ကျောင်းသား ကျောင်းသူ တွေနဲ့ ရခိုင်ကျောင်းသား / ကျောင်းသူတွေ အတူတူ စာသင်ရမယ်ဆိုတဲ့ကိစ္စကို ကျောင်းသားမိဘတွေ သဘောမတူကြဘူး” ဟု စစ်တွေမြို့မှ ကျည်းမြိုင်ရပ်ကွက်မှ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဒေါ်မြင့်အေးက ပြောသည်။

http://myitmakhamediagroup.com/detail.php?newid=1806

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: