အကြမ်းဖက်မှုတစ်လပြည့်အောက်မေ့ဖွယ်နေ့၌ ရခိုင်ပြည်နယ်တွင် သာသနာ့အလံလွှင့်ထူကြမည်

7 Jul

မိုးဝေ ရခိုင်ပြည်နယ် (မြစ်မခ)
by Myit Makha Mediagroup on 7 Jul, 2012

ရခိုင်ပြည်နယ်တွင် ဘင်္ဂလီအကြမ်းသမားများ၏ကျုးကျော်ရန်ကြောင့် ကျဆုံးသွားခဲ့သော ရခိုင် တိုင်း ရင်းသားများ အတွက် အောက်မေ့ဖွယ်တစ်လပြည့်နေ့ကို  ရခိုင်ပြည်နယ်အနှံ့ ကျင်းပမည်ဟု သတင်းရရှိသည်။

 အဆိုပါအစီအစဉ်တွင် မနက်ဖြန်ကျရောက်မည့် ဇူလိုင်လ(၈)ရက်နေ့သည်  ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှု တိုက်ဖျက် ရေးနေ့ တစ်လပြည့်ပြီဖြစ်ရာ နေအိမ်များနှင့် ယာဉ်များတွင် ဗုဒ္ဓသာ သနာ့ လံအား လွှင့်ထူထားရန် သာသနာ့အလံများ ဝေငှလျက်ရှိ သလို ရောင်းချလျက် ရှိကြောင်း ကိုလည်း သိရှိရသည်။

“ဒီနေ့တော့ သာသနာ့ အလံတွေ လိုက်ဝေနေတာ တွေရှိတယ်၊ မနက်ဖြန်အတွက်ပေါ့၊  သာသနာ့ အလံက စက္ကူနဲ့ လုပ်ထားတဲ့ အလံတွေပါ၊ အလံတစ်ခုကို ကျပ်ငါးဆယ်နဲ့ရောင်းချနေ တာ တွေ လည်း ရှိပါတယ်၊”ဟု စစ်တွေမြို့ မင်းဂံ ရပ်ကွက်မှ ဒေသခံတစ်ဦးကပြောသည်။

ပြီးခဲ့သည့် လ(၈)ရက်နေ့က ရခိုင်ပြည်နယ်တစ်ဝှမ်းတွင် အကြမ်းဖက်မှုများစတင်ဖြစ်ပေါ်ခဲ့မှုမှာ  မနက်ဖြန်တွင် တစ်လပြည့်မြောက်မည်ဖြစ်သည်။

မနေ့ကစစ်တွေမြို့တွင် ဖြန့်ချီနေသော လက်ကမ်းစာစောင်တစ်ခုတွင်   “ရခိုင်ပြည်နယ်ဒေသတ ဝန်း ဘင်္ဂလီ အကြမ်းဖက် သမားများ၏ ကျူးကျော်ရန်စ တိုက်ခံရသဖြင့် ကျဆုံးသွားသော ရခိုင်အာ ဇာနည် ရဟန်းရှင်လူ အပေါင်းတို့အား အောက်မေ့ ဖွယ် (တစ်လပြည့်)နေ့ရက်ကို (အကြမ်းဖက်မှု တိုက်ဖျက်ရေးနေ့) အဖြစ် ၂၀၁၂ ဇူလိုင်လ(၈) ရက်နေ့တွင် ရခိုင်ပြည်နယ် တဝန်း   နေအိမ်များနှင့် ယာဉ်များတွင်  ဗုဒ္ဓသာသာနာ့ အလံအားလွှင့်ထူထားကြရန်” ဟုပါရှိသည့် အပြင် ရခိုင်ပြည်နယ် အရေး ကို ကိုယ်ချင်းစာနာသော ကမ္ဘာအရပ်ရပ်မှ မိတ်ဆွေ များအနေဖြင့် ၄င်းနေ့တွင် ဗုဒ္ဓသာသနာ့ အလံများ လွှင့်ထူ၍ ပါဝင်ဆင်နွဲကြပါရန် မေတ္တာရပ်ခံထားကြောင်းကိုလည်း ဖော်ပြပါရှိကြောင်း သိရှိရသည်။

http://myitmakhamediagroup.com/detail.php?newid=1816

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: