ရခိုင်ပဋိပက္ခြဖစ်စဉ်အေပါ် လူ့အခွင့်အေရးကော်မရှင်နှင့် မေးမြန်းချက်

13 Jul

Published on July 11, 2012 by ရွှေအောင်

ရခိုင်ပြည်နယ်အတွင်း အြကမ်းဖက်မှုတွေ အခုလောက်ထိ ပြင်းပြင်း ထန်ထန်ဖြစ်ပွားခဲ့တာ ဟာ ပြည်နယ်အတွင်းနေ ပြည်သူတွေရဲ့ အြေခခံပညာနဲ့ ဗဟုသုတနည်းပါးတာတွေ က အြေကာင်း ရင်းခံတခုဖြစ်တယ်လို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အေရးကော်မရှင်က သုံးသပ်ပြောကြား လိုက်ပါတယ်။လူ့အခွင့်အေရးကော်မရှင် အတွင်းရေးမှူးနဲ့ အဖွဲ့ဝင်တွေဟာ ဇွန်လ ၂၇ ရက်ကေန ဇူလိုင် ၁ ရက်အထိ ရခိုင်ပြည်နယ်အတွင်း ငါးရက်ခရီးသွားခဲ့ပြီး တွေ့ရှိချက်တွေအေပါ် အခုလို သတင်းထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ဒါ့အြပင် ပြည်နယ်အတွင်း လတ်တေလာ ရှိနေတဲ့ ဒုက္ခသည် လေးသောင်းကျော်အတွက် အာဟာရ ပြည့်ဝတဲ့အစားအေသာက်တွေ အပါ အဝင် အခြေခံ လိုအပ်ချက်တွေ ရှိနေသးတယ်လို့လည်း ပြောပါတယ်။မြန်မာနိုင်ငံ အမျိုးသား လူ့အခွင်အရေးကော်မရှင်ရဲ့ သတင်းထုတ်ပြန်ချက် ပေါ် ကော်မရှင်အတွင်းရေးမှူး ဦးစစ်မြိုင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

သတင်းထုတ်ပြန်ချက်မှာ ထောက်ပြထားတာ၊ အကြံပြုထားတာ ၄ ချက် ပေါ့နော်။ အဲမှာ ပြန်လည် ယုံကြည် မှုတည်ဆောက်ရေးအတွက် အသိပညာဗဟုသုတ ကြွယ်ဝဖို့။ အဲ့နယ်မြေမှာရှိ တဲ့က လေးသူငယ်တွေရဲ့ အခြေခံပညာ တတ်မြောက်မှုနှုန်း မြင့်မားရေး အထူးအစီ အစဉ် တရပ် ကို အြမန်ဆောင်ရွက်ပေးသင့်ပါတယ် ဆိုတာ.. အန်ကယ်တို့ ဘယ်လိုတွေ တွေ့မြင်ခဲ့ရလို့ ဒီအချက် ကို တင်ပြတာပါလဲ။

“ဒါက အုပ်စု ၂ အုပ်စု။ ဘဂင်္လ࿿ီ အုပ်စုနဲ့ ရခိုင်တိုင်းရင်းသား အုပ်စု ၂ စုရှိ တယ်။ ပြဿနာဖြစ် တာက ဒီ အုပ်စု ၂ စုက ဖြစ်တာလေ။ ကျေနာ် တို့ ရောက်ရှိစဉ်အတာအတွင်း အထူး သဖြင့် မောင်တောမှာပေါ့။ မောင်တောကို နှစ်ခေါက်ရောက်တယ်။ အဲ့မှာ တွေ့ဆုံသင့် တဲ့ သူတွေနဲ့ တွေ့တယ်။ ဘာသာရေးခေါင်းဆောင်တွေနဲ့ ရပ်မိရပ်ဖေတွနဲ့ တွေ့တယ်။ ဒုက္ခ သည်တွေ နဲ့လည်း တွေ့တယ်။ တြခား အလွတ်သေဘာတွေ့တာတွေလည်း ရှိတာပေါ့ ။ တွေ့ပြီး မေးမြန်းလေ့ လာ တဲ့အခါကျေတာ့ ဖြစ်ပွားတဲ့ ဖြစ်စဉ်မှာ အြေခခံပညာနဲ့ ဗဟုသုတ နည်းပါးမှုဟာ လည်း အြေကာင်းအရင်း တခုအေနနဲ့ ပါတယ်လို့ သုံးသပ်ပါ တယ်။ ကေလးတွေ က အြေခခံပညာ တတ်မြောက်ပြီး ဗဟုသုတရှိကြမယ်ဆိုရင် ဇွန်လမှာ ဖြစ်ခဲ့တဲ့ ဖြစ် စဉ်မျိုးတွေ မြဖစ်နိုင် ဘူး။ ဖြစ်ခဲ့ရင်လည်း ဒီလောက်ပြင်းထန် တဲ့ ဖြစ်စဉ်မျိုးတွေ မြဖစ်နိုင်ဘူး လို့ ဆွေးနွေး တင်ပြချက်တွေ အရ တွေ့ရှိပါတယ်။ ဒါကြောင့် အြကံပြုတာဖြစ်ပါတယ်။”

နောက် တခုက အြေခခံ လိုအပ်ချက်တွေရှိနေဆဲဖြစ်လို့ အခုထက် တိုးမြှင့်ကူညီပေးပါဆိုတာ ဘယ်လိုအြေခခံလို အပ်ချက်တွေရှိနေသးလဲဆိုတာ အန်ကယ်တို့ တွေ့မြင်ခဲ့ရလို့ပါလဲ။ ကျယ် ကျယ်ပြန့်ပြန့်လေး ပြောပြေပးပါ။

“လူဦးရေက ကျေန်ာတို့ တွေ့ခဲ့ရသေလာက်ဆိုရင် ၄ သောင်းကျော်လောက်ဆိုတော့လေ။ ဒါကို လုံလောက်အောင် ထောက်ပံ့ဖို့ဆိုတာက သိပ်ခက်ခဲပါတယ်။ လှူတာက လှူနြေကတယ်။ နိုင်ငံတော် ကလည်း ပံ့ပိုးတယ်။ ကုလသမဂ္ဂက လည်း တော်တော်လေးပံ့ပိုးပါ တယ်။ ကျေန်ာတို့ သွားတဲ့ရက် ကလည်း လေယာဉ်တူတူပဲ။ သူတို့အဖွဲ့တွေလည်း အဖွဲ့စုံ လူ ၂၀ ကျော်လောက် ပါတယ်။ ကျေန်ာတို့လည်း ဒီဘက်က ဝန်ကြီးဌာနကလူတွေလည်းပါတယ်။ ရဟတ်ယာဉ်တွေနဲ့ လိုက်ကြည့်ကြတယ်။ သူတို့လည်း ကူညီနိုင်တာတွေ ကူညီဖို့ ပြင်ဆင်နေပါတယ်။ အစိုးရေရာ၊ ကုလသမဂ္ဂေရာ၊ နိုင်ငံတကာအဖွဲ့အစည်းတွေရာ၊ ပြည်တွင်းက အလှူရှင်တွေရာ ကူညီနြေကပါ တယ်။ ဒီလောက်များပြားတဲ့ လူတွေအတွက်က အြေခခံလိုအပ်ချက်တွေက ရှိပါတယ်။ အခုလည်း ကျောင်းတွေဖွင့်တော့မယ်ဆိုတော့ ပညာရေးအတွက်လိုလာပြီ။ ဒီလူတွေက သူတို့ရဲ့ လုပ်ငန်းခွင် မဝင်နိုင်တဲ့အတွက် ပုံမှန်ဝင်ငွေတွ ထိခိုက်သွားပြီ။ ကျန်းမာရေးစောင့်ရှောက်မှုတွေလိုတယ်။ နေ့စဉ်စားသုံးမှုမှာ အာဟာရြပည့်တဲ့ စားသုံးမှုတွေလိုတယ်လို့ ကျေန်ာတို့က မြင်ပါတယ်။

နာက်တခုက အြကမ်းဖက်ကျူးလွန်မှုတွေအေပါ် ကျောက်နီမော်မှာ မုဒိမ်းမှုကျူးလွန်တဲ့ တရားခံ ၃ ယောက်ကို အြပစ်ပေးလိုက်တာကလွဲလို့ တောင်ကုတ်မှာ ဝိုင်းရိုက်တဲ့ကိစ္စေတွကို အခုထိ အစိုးရက တရားဝင်သတင်းထုတ်ပြန်ပြီး ဘယ်လို အေရးယူထားပါတယ် ဆိုတာ မေတွ့ရဘူး။ ဒါကိုရော အန်ကယ်တို့အဖွဲ့အေနနဲ့ ဘယ်လိုသေဘာရပါလဲ။

“အဲဒါကေတာ့ ကျေန်ာတို့ တောင်ကုတ်မေရာက်ခဲ့တော့ သီးခြားမေဆွးနွေးခဲ့ရဘူး။ သို့သော် နိုင်ငံပိုင်သတင်းစာတွေမှာ သတင်းထုတ်ပြန်တာတော့ တွေ့လိုက်တယ်။ သူတို့ဆောင်ရွက်နေပါ တယ်ဆိုတာလေ။ နောက် ဥပေဒအရ အေရးယူနိုင်ဖို့ စစ်ဆေးနေတာတွေ၊ ဖမ်းနိုင်တဲ့သူကို ဖမ်းတာတွေတာ့ သိခဲ့ရပါတယ်။ ဒါကေတာ့ အလွတ်သေဘာ ပါ။ တောင်ကုတ်တင်မဟုတ်ဘူးဗျ။ ရခိုင်ပြည်နယ်က အြကမ်းဖက်တဲ့နေရာတွေမှာရောပဲ။ အဓိကကေတာ့ စစ်တွေ၊ မောင်တော၊ ရေသ့တောင်ပေါ့။ ကျန်တာကေတာ့ ဘူးသီးတောင်၊ ရမ်းဗြဲနဲ့ ပုဏ္ဏားကျွန်း တို့မှာလည်း အြကမ်းဖက်တဲ့သူတွေကို ရသမျှေတာ့ လေ့လာစုံစမ်းပြီး ရသမျှကိုတော့ ထိန်း သိမ်းနေတာ တွေ့ခဲ့ရပါတယ်။”

အန်ကယ်လ်တို့ ကော်မရှင် အေနနဲ့ အခု ဖြစ်ခဲ့တဲ့အေပ်ါမှာ နှစ်ဖက်စလုံးမှာ လူ့အခွင့်အေရး ချိုးဖောက်ခံရ မှုတွေ တော်တော်များများရှိတယ်လို့ ကျေန်ာတို့လည်း ကျယ်ကျယ်ပြန့်ပြန့်ကြား ရပါတယ်။ အဲဒီအေပ်ါမှာ လူ့အခွင့်အေရး ကော်မရှင်က ဘယ်လိုလုပ်ပေးဖို့ ရှိလဲ။

“လူ့အခွင့်အေရး ကော်မရှင် အေနနဲ့ကေတာ့ တိုက်ရိုက်ဆင်းလုပ်ဖို့ဆို တာက အြေခခံသေဘာတ ရားအရ ဒီလိုတော့ မဟုတ်ဘူး။ ကျေန်ာတို့က တွေ့ရှိချက်ကို လေ့လာသုံးသပ်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို တိုက်တွန်းမယ်။ အြကံပြုမယ်ပေါ့ဗျာ။ ကျေန်ာတို့ကေတာ့ အြေခအေနအမှန်ကို ရနိုင်သမျှ စုစည်းပြီးတော့ တိုက်တွန်း အြကံပြုတဲ့သေဘာပါပဲ။ ထုတ်ပြန်ချက်ကလည်း အစိုးရအဖွဲ့ အစည်းတွေနဲ့လည်း ဆိုင်ပါတယ်။ နောက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ လူမျိုးစုတွေနဲ့လည်း ဆိုင်တယ်လို့ ကျေန်ာရည်ညွှန်းပါတယ်။”

အန်ကယ်တို့ရဲ့ သတင်းထုတ်ပြန်ချက်မှာ ရခိုင်ကိစ္စကို အရင်ဖြစ်ခဲ့တာတွေ နောက်ပိုင်းမှာ ကျယ်ပြန့် သွား တဲ့အေပါ် တော်တော်များများ သုံးသပ်ကြတာက နယ်စပ်ကေန တရားမဝင်ဖြတ်ကျော်ပြီး ရခိုင်ပြည်နယ်ထဲ ရောက်နေတဲ့ တဖက် နိုင်ငံသားတွေ ကိစ္စ၊ နယ်စပ်စည်းမလုံတဲ့ကိစ္စ၊ အဂတိလိုက် စားတဲ့ကိစ္စ၊ အထူးသြဖင့် လဝက (လူဝင်မှုကြီးကြပ်ရေး) ပေါ့နော်။ အဲဒါမျိုးတွေ ဝေဖန်သုံး သပ်ချက် အပေါ် အန်ကယ်တို့ သတင်းထုတ်ပြန်ချက်မှာ ထည့်သွင်းထားတာ မေတွ့ရဘူးဗျ။ ဘာဖြစ်လို့လဲ။

“အဲဒီအတွက်ကိုတော့လေ။ ဒါကေတာ့ ရုတ်တရက် သွားရုံနဲ့ ဒီကိစ္စက တခါတည်း မသိနိုင်ဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ ဝင်ရောက်တာကလည်း ခိုးပြီးတော့ ဝင်ရောက်တာ။ နောက်တခုက လဝက နဲ့ပဲ ဖြစ်စေ၊ သက်ဆိုင်ရာ အဖွဲ့အစည်းနဲ့ပဲ ဖြစ်စေ သူတို့က လာဘ်ပေးလာဘ်ယူ လုပ်ပြီးတော့ ဖြစ် လာတာ ဖြစ်တဲ့အတွက် ကျေန်ာတို့ကော်မရှင် အေနနဲ့ ဒီအတိုင်း တရက် နှစ်ရက်သွားရုံနဲ့ မသိနိုင် ဘူး။ သို့သော် ကျေန်ာတော့ အလွတ်သေဘာ ဆွေးနွေးခဲ့တာ ရှိတယ် ဗျ။ ကျေန်ာတို့ မြင်တွေ့ခဲ့ရ တာတွေကေတာ့ တရားမဝင် ခိုးဝင်တာတွေ ရှိချင်လည်း ရှိမယ်။ ပြောမရဘူး။ သို့သော် နစက အဖွဲ့အစည်းက တော်တော်လေး ကျယ်ကျယ်ပြန့်ပြန့် လုံခြုံရေးကို လုပ်ပေးနေတာ တွေ့တယ်။ နယ်စပ်လုံခြုံရေးအတွက်လည်း နိုင်ငံတော် အစိုးရက မိုင် ၈၀၊ ၁၀ ပေ အြမင့်ရှိတဲ့ သံဆူးကြိုးတွေ ကာရံပြီးတော့ ထိန်းသိမ်းထားတာ တွေ့တယ်။ ခုနက ပြောသလို တရားမဝင် ခိုးဝင်တာတွေ ဘယ်လောက်ရှိတယ်။ ရှိ မရှိ ဆိုတာတွေကေတာ့ ကျေန်ာတို့ အေနနဲ့ ဖော်ထုတ်နိုင်ခြင်း မရှိပါဘူး။”ဒီနေ့ သတင်းထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်ကိစ္စနဲ့ ပတ်သက်ပြီး လူ့အခွင့်အေရး ကော်မရှင်အေနနဲ့ ဖြည့်စွက် ပြောစရာရှိရင် ပြောပေးပါဦးဗျ။

“ကျနော်ကတာ့ ဒီနေ့ကေတာ့ ကမ္ဘာကြီးက ကျေန်ာတို့ရွာကြီးတရွာ ဖြစ်သွားပြီဆိုတော့။ ကမ္ဘာပေါ် မှာရှိတဲ့ လူမျိုးပေါင်းစုံက မိမိနှစ်သက်ရာ သက်ဆိုင်ရာ ဒေသရဲ့ ဥပေဒနဲ့ အညီ နေထိုင်ခွင့်ရှိကြပီး ကူးလူဆက်ဆံကြတာပေါ့ဗျာ။ ကျေန်ာတို့ ရခိုင်ပြည်နယ်မှာလည်း ဒီသေဘာ ပဲ။ အေးအေးချမ်းချမ်း နဲ့ ရေရှည်မှာ ဖြစ်သွားချင်ပါတယ်။ တာဝန်ရှိတဲ့ အစိုးရအဖွဲ့အစည်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ ပါတီတွေ အေနနဲ့လည်းပဲ ရေရှည်သေဘာကို မျှော်ပြီး တိုင်းရင်းသားတွေရဲ့ ဖွံ့ဖြိုးရေး၊ လုံခြုံရေး၊ အေးချမ်းရေးကို ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ကျ နော့် အနေ နဲ့ ဒီနေရာကေန တိုက်တွန်းတင်ပြလိုပါတယ်။”

http://burmese.dvb.no/archives/27833

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: